စာပဒေသာ - အတွေးအမြင် | |
နေ့စွဲမပါတဲ့ ပန်းဒိုင်ယာယီ
ဒီနေ့မနက်စောစော ဘုရားရှိမခိုးခင် ဘုရားစဉ်ရှေ့မှာ ထိုင်နေရင်း
အတွေးတစ်ခုဝင်လာတယ်။ ပန်းလေးတွေနဲ့ စပ်တဲ့အတွေးပါ။ အာရုံမြင်ကွင်းကဘုရား စဉ်ရှေ့မှာရှိနေတဲ့ ပန်းအိုးရှစ်လုံး။ပန်းအိုးထဲမှာရှိနေတဲ့ပန်းတွေက
အရောင်စုံ၊ အသွေးစုံ။နှင်းဆီပန်းတွေ လဲပါတယ်။ သစ်ခွပန်းတွေလဲ ပါတယ်။ဒေလီယာပန်းတွေလဲပါတယ်။အခြားအခြား အမည်မသိတဲ့ ပန်းတွေလဲပါတယ်။
အဲဒီပန်းအိုးတွေထဲက ပန်းအိုးလေးလုံးထဲမှာ ရှိနေတဲ့ပန်းတွေက ညှိုးတတ်တဲ့ ပန်းတွေ။ ကျန်တဲ့ပန်းအိုးတွေထဲက
ပန်းတွေကတော့ မညှိုးပန်းတွေ။ပန်းတွေရဲ့ ကွဲပြားခြားနားမှုကို သတိပြု မိတယ်။ပန်းတွေကိုအမြဲတန်း
လန်းဆန်း စေချင်လို့ မညှိုးပန်းတွေကိုလှူထားရော့သလားလို့လဲတွေးမိပါရဲ့။
ဘာပဲဖြစ်ဖြစ်လေဘုရားရှင်စင်ရှေ့မှာတော့ပန်းတွေနဲ့ဝေလို့။
|
Wednesday, June 20, 2012
စာပဒေသာ - အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment