![]() |
CROWN Education သည် နိုင်ငံတကာတွင်
ပညာသင်ကြားလိုသော ကျောင်သားကျောင်းသူများအတွက် အခမဲ့
ဆွေးနွေးအကြံပေးခြင်းများနှင့် အကောင်းဆုံး ၀န်ဆောင်မှုများ ပေးနေသည့်အပြင်၊ CROWN
Education နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းပေါင်း
(၂၅၀)ကျော်တွင် ပညာသင်ကြားမည့်သူများအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ
ပညာရေးသတင်းအချက်အလက်များကို တစ်နေရာတည်း တွင်လေ့လာနိုင်ရန် ရည်းရွယ်၍
နိုင်ငံတကာပညာရေးပြပွဲ ကိုကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပညာရေးပြပွဲကို
ဇွန်လ (၃၀)ရက် စနေနေ့၊ နံနက် (၁၀)နာရီမှ (၂)နာရီအထိ အလုံလမ်းရှိ Summit Parkview
Hotel တွင် ကျင်းပသွားမည်ဖြစ်ပါသည်၊၊
အဆိုပါပညာရေးပြပွဲတွင်ပြည်တွင်းမှ စီမန်ခံခွဲမှု
့သင်တန်းကျောင်းဖြစ်သော MHR နှင့် Gusto Education တို့ မှ
ပြည်တွင်းတွင်သင်ယူနိုင်သော စီမံခန့် ခွဲမှု့ နှင့်
အိုင်တီနည်းပညာများအကြောင်းကိုပါ ပါဝင်ပြသမည်ဖြစ်ပြီး၊
နိုင်ငံတကာပညာရေးနှင့်ပတ်သက်၍ နှစ်စဉ် သတင်းအချက်အလက်သစ်များ၊
ဝင်ခွင့်သတ်မှတ်ချက်လိုအပ်ချက် အပြောင်း အလဲများဖြစ် ပေါ်လေ့ရှိရာအဆိုပါနေ့ တွင်ရှင်း
လင်းပြောကြား သွားမည်ဖြစ်ပါသည်၊၊
ထို့အပြင် အဆင့်မြင့်ပညာရေးသင်ယူခြင်းနှင့်ပတ်သက်၍
မိမိတို့စွမ်းဆောင်နိုင်မှု၊ စိတ်ပါဝင်စားမှုများကို သိရှိထားပြီး၊ ဘာသာရပ်များ၏
သဘောသဘာဝတွေကို သိရှိထားမှသာ မှန်ကန်သောဘာသာရပ်၊ ပညာရေးလမ်း ကြောင်းများကိုရွေး
ချယ်နိုင်မည်ဖြစ်သဖြင့် ဘာသာရပ်တစ်ခုချင်းစီ၏ အားနည်းချက်၊အားသာ ချက်များ
ဥပမာ-စီးပွားရေးနှင့် စာရင်း အင်းပညာရပ်များ၊ အင်ဂျင်နီယာဘာသာ ရပ်များ၊
ဒီဇိုင်းဘာသာရပ်များ၊ ကွန်ပျူတာ ဘာသာရပ်များ၊ ဆေးပညာနှင့် ဆက်စပ် ဘာသာရပ်များ၊
အဆိုပါဘာသာရပ်များအတွက် လေ့လာ သင်ယူ သင့်သော နာမည်ကြီးတက္ကသိုလ် များနှင့်
ဝင်ခွင့်များကို အဆိုပါ နေ့တွင် သက်ဆိုင်ရာအချိန်အလိုက် ရှင်းလင်းပြောကြား
သွားမည်ဖြစ် သည်၊၊
ပြပွဲအတွင်း ကျောင်းသွားတက်ရောက်မည့်သူများအတွက်
CROWN Education မှ နိုင်ငံတကာပညာရေးလမ်းညွန်စာအုပ်နှင့် စင်ကာပူပညာရေး လမ်းညွှန်
စာအုပ်များ အခမဲ့ပေးဝေခြင်း၊ကျောင်းလျှောက် လွှာကြေး ကင်းလွတ်ခွင့်၊ စသည့် အခွင့်
အလမ်းများရရှိနိုင်မည်ဖြစ်သည်။
ရှင်းလင်းပြောကြားပေးမည့် ဘာသာရပ်များနှင့်
အချိန်များကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
IT & Engineering : 10:00 a.m – 11:00 a.m
Business Mangement : 11:00 a.m – 12:00 noon
Medical & Life Science : 12:00 noon – 01:00
pm
MHR သင်တန်းကျောင်းမှ ကျောင်းအုပ်
ဆရာဦးအေးကျော်မှ၊ လူငယ်များအတွက် Choosing your career path in Management
ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးမည့်အပြင်CROWN Training Office မှ နိုင်ငံခြားတက္ကသိုလ်၊
ကောလိပ်များသို့ တက်ရောက်မည့် သူများအတွက် သင့်လျော်သော 21st Century Life Style
English for Students သင်တန်း၊ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများတွင်
သွားရောက်လုပ်ကိုင်မည့်သူများအတွက် English for Business သင်တန်း၊ IELTS
Foundation & Preparation သင်တန်း၊ Think English သင်တန်း၊ အလုပ်အကိုင်အတွက်
ကြိုတင်ပြင်ဆင်မှုများ လွယ်ကူစေရန် Job Hunting သိကောင်းစရာ
သတင်းအချက်အလက်များကိုပါ ရှင်းလင်းပြောကြားပေးရန် စီစဉ်ထားပါသည်၊၊
ပြပွဲတက်ရောက်လိုသူများ၊
ကျောင်းလျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများ CROWN Education
ရုံးချုပ် Summit Parkview Hotel ၊ အခန်း (၂၂၈-၂၂၉) ဖုန်းနံပါတ် - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊
၀၉ ၅၀၈၅ ၁၈၅ နှင့် CROWN Education မြေနီကုန်းရုံးခွဲ၊ အမှတ် (၂၇၂)၊ (၄)လွှာ ၊
အခန်းအမှတ် (၄၀၄) ၊ ပြည်လမ်း၊ ဓနလှိုင်တာဝါ (မြေနီကုန်း KBZ Bank အပေါ်ထပ်) ဖုန်း -
၅၂၇ ၈၃၈ နှင့် ၅၂၃ ၈၃၂ တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်၊၊
No comments:
Post a Comment